
ဖြစ်ချင်တိုင်းမဖြစ်ခဲ့ရတဲ့ အတိတ်ကိုလည်း
ပြန်မတူးဆွတော့ဘူး.....
မမြင်နိုင်တဲ့ အနာဂါတ်ကိုလည်း
ကြိုပြီး မတွေးချင်ဘူး....
ပစ္စုပ္ပန်မှာဘဲ မင်းကောင်းကြောင်းလေးတွေတွေးပြီး
ပျော်နိုင်အောင် ကြိုးစားနေပါတယ်၊
တခါတလေ ဆက်တိုင်းမအားတဲ့ ဖုန်းလိုင်းတွေကိုလည်း
အပြစ်မတင်ချင်တော့ဘူး
သံသယဆိုတဲ့ မြူမှုံတွေကို
သံယောဇဉ်ဆိုတဲ့ ပိုက်ကွန်နဲ့ ဖယ်ရှားလို့ ရပေမယ့်...
အလွမ်းဆိုတဲ့ အပူမီးကိုတော့
ငါမငြိမ်းသတ်နိုင်သေးဘူး.....
လာချင်ရင်အနီးလေးတဲ့...
လမ်းဆိုတာ လှမ်းလျှောက်ဖို့ ဖောက်ထားတာပါ
ကိုယ်နဲ့တွေ့ရဖို့......
တလှမ်းလောက်တော့ စမ်းလျှောက်ခဲ့ပါလား
အချစ်ရယ်...
(ဘယ်အရာတွေ ဈေးဘယ်လောက်တက်တက်
မျှော်လင့်ခြင်းကိုတော့ ဈေးမတက်စေချင်ဘူး)
လုဖိ
No comments:
Post a Comment