Monday, November 10, 2008

ဟိုးအဝေးက အမေ့ဆုတောင်းသံ


ဟိုးအဝေးတနေရာက့
Happy Birthday သားလေးရေ ဆိုတဲ့
အမေအိုရဲ့  ဆုတောင်းသံကို
အင်တာနက်မလို၊ ဖုန်းမလိုဘဲ
ကျနော့် နှလုံးသားထဲက ကြားလိုက်ရတယ်။
ဒီနေ့လည်း မနက်စောစော ဘုရားမှာ
သားအတွက် ဆုတောင်းနေမယ့်
အမေ့ရဲ့ရုပ်လွှာကို Web Cam မပါ
ဂြိုလ်တုတွေမလိုဘဲ
ကျနော့်ရဲ့ မနောစက္ကုမှာ
ထင်ဟပ်လို့ မြင်မက်မိတယ် အမေ့ 
သားအတွက် ရည်စူးပြီးလုပ်တဲ့
ကုသိုလ်ကောင်းမှုတွေရဲ့
သာဓုခေါ်သံတွေနဲ့ ကြေးစည်ထိုးသံတွေဟာ
မိုင်ထောင်ပေါင်းများစွားကို ဖြတ်သန်းပြီး
ကျနော့်ရဲ့ နှလုံးအိမ်မှာ လာရောက်လို့ ရိုက်ခတ်မိတယ့့် 
လွမ်းတယ် မေမေ . . . . . . . လွမ်းတယ်
ယောက္ခမဆန်တဲ့ အကြည့်တွေကို မြင်တိုင်း
အေးမြလှတဲ့ အမေ့ရဲ့ အကြင်နာမျက်ဝန်းတွေကို လွမ်းတယ်၊
ချစ်ရေစင် သီချင်းကိုနားထောင်တိုင်း
ငယ်စဉ်ကာလ ဟိုတချိန်က ဆိုငြီးနေတဲ့
အမေ့ရုပ်လွှာကို မြင်ယောင်မိပြီး
တမ်းတလို့ လွှမ်းလျှမိတယ် အမေ…………
အခု အပြင်မှာ မိုးတွေရွာနေတယ် အမေ
မဟုတ်ဘူး……
မိုးကရွာနေတာမဟုတ်ဘူး တိမ်တွေငိုနေတာ
ဟုတ်တယ့့် 
လူငယ်လေးတယောက်က သူ့အမေကို လွမ်းဆွတ်နေတာကို
ကောင်းကင်ကြီးက မကြည့်ရက်လို့ သနားပြီး ငိုနေတာ၊
ဟုတ်တယ့့် 
ကျနော့်ရင်ထဲမှာလည်း မိုးတွေငိုနေတယ်
အလွမ်းမိုးတွေ့ 
ဒီအချိန်ဆို အိမ်မှာ အမေအိုလည်း
သားကို တမ်းတတဲ့စိတ်နဲ့ နွမ်းလျှလို့ ပူပန်နေရှာရော့မယ် ။ ။

Saturday, November 1, 2008

မိုးကုတ်စက်ဝိုင်းတနေရာဝယ်


လူအများကပြောတော့ အနုပညာသမား
ငါ့ ချစ်သူကပြောတော့ လူ့အလကားတဲ့ 
ဒီစကားနှစ်ခုကြားမှာ ပဋ္ဋိပက္ခတွေမများ
ဝိရောဓိတွေ မထားတော့ပါဘူ့း့ 
ငါချစ်တာ မြေကြီး
သူနေချင်တာ ကောင်းကင်၊
သူသိတာ Prada
ငါသိတာ ကဗျာ၊
သူသိတာ Gucci
ငါဝတ်တာက လုံချည်၊
အသွင်မတူလို့ အမြင်မတူဘူးဘဲထား
တို့ နှစ်ယောက် ချစ်ခဲ့တာ တကယ်ပါလား။
ငါ့လမ်း ငါဖောက် ငါဆက်လျောက်မယ်
တနေ့ခါဝယ် ကျိန်းသေတွေ့မယ်
မိုးကုတ်စက်ဝိုင်းတနေရာဝယ်
မြေကြီးနဲ့ကောင်းကင် တကယ်ကိုထိနေတယ်
အဲဒီ့နေရာရောက်အောင် ငါဆက်လျောက်မယ်
သစ္စာမှန်ရင်ပြန်ဆုံမယ်။ ။

(ဘာလုပ်လုပ် ကျနော့်အပေါ်အကောင်းမမြင်တက်သော၊ ကျနော်၏ အလုပ်များကို အထင်သေးတက်သော ချစ်သူကို ရည်ညွှန်းပါသည်)

ဧတေန သစ္စ၀ဇ္ဇန


ရင်ခွင်ရထား
ဘူတာများလည်း
နောက်ဆုံးဆိုက်မြဲ
သူ့ ဆီဘဲ့ 
လမ်းချော် ခရီးပျောက်
နှစ်တွေထောက်လည်း
နောက်ဆုံးဘူတာ
သူ့ဆီမှာ့ 
မသွေမဖောက် သစ္စာကြောင့်
တနေ့သောခါ ပြန်ရောက်မှာ
ငါ့ ဘူတာလေး စောင့်ကြိုပါ။ ။

ရှောကော

တောင်းပန်းခြင်း ၁၂ ရာသီ ( ၃ ရာသီ = ၁ နှစ်)


နှစ်သစ်ရဲ့  ၁၁ မြောက်မှာ
မွေးဖွားလာခဲ့တဲ့ ကောင်မလေးရေ
မင်းဟာ အမေရိကန်နိုင်ငံရေးခေါင်းဆောင်ကြီး
Alexander Hamilton နဲ့
တရက်ထဲမှာ မွေးခဲ့ပေမဲ့
ကိုယ့်နိုင်ငံရဲ့  ငြိမ်းချမ်းရေးဖခင်ကြီး
အဖိုးသခင်ကိုယ်တော်မှိုင်းကိုတောင်မှ
မသိနိုင်ခဲ့ပါလား၊
Jack London နဲ့ တရက်ခြားပြန်လို့
စာပေနဲ့နီးစပ်မလားဆိုပြန်တော့
ကာတွန်းနဲ့ မဂ္ဂဇင်းလောက်သာဖတ်တာမို့၊
Rod Stewart ရေ့ 
ခင်ဗျားနဲ့လည်း တရက်ဘဲခြားတာကိုတော့
မပြောတော့ပါဘူး၊
ဘာလို့လဲဆိုတော့
သူ သီချင်းဆိုရင် ကျနော်တောင်
လန့်လန့်သွားတတ်လို့။ ။


( ၄ နှစ်ဆက်တိုက် ချစ်သူရဲ့မွေးနေ့ကို မေ့လျော့နေခဲ့သော ကျနော်၏ ပေါ့ဆမေ့လျော့မှုများကို ဤကဗျာလေးဖြင့် တောင်းပန်ပါသည်)
ခခ၏ ၂၈ နှစ်မြောက်မွေးနေ့အတွက် အမှတ်တရ

လုဖိ

Saturday, January 26, 2008

မျှော်လင့်ခြင်း




ဖြစ်ချင်တိုင်းမဖြစ်ခဲ့ရတဲ့ အတိတ်ကိုလည်း

ပြန်မတူးဆွတော့ဘူး.....

မမြင်နိုင်တဲ့ အနာဂါတ်ကိုလည်း

ကြိုပြီး မတွေးချင်ဘူး....

ပစ္စုပ္ပန်မှာဘဲ မင်းကောင်းကြောင်းလေးတွေတွေးပြီး

ပျော်နိုင်အောင် ကြိုးစားနေပါတယ်၊

တခါတလေ ဆက်တိုင်းမအားတဲ့ ဖုန်းလိုင်းတွေကိုလည်း

အပြစ်မတင်ချင်တော့ဘူး

သံသယဆိုတဲ့ မြူမှုံတွေကို

သံယောဇဉ်ဆိုတဲ့ ပိုက်ကွန်နဲ့ ဖယ်ရှားလို့ ရပေမယ့်...

အလွမ်းဆိုတဲ့ အပူမီးကိုတော့

ငါမငြိမ်းသတ်နိုင်သေးဘူး.....

လာချင်ရင်အနီးလေးတဲ့...

လမ်းဆိုတာ လှမ်းလျှောက်ဖို့ ဖောက်ထားတာပါ

ကိုယ်နဲ့တွေ့ရဖို့......

တလှမ်းလောက်တော့ စမ်းလျှောက်ခဲ့ပါလား

အချစ်ရယ်...

(ဘယ်အရာတွေ ဈေးဘယ်လောက်တက်တက်

မျှော်လင့်ခြင်းကိုတော့ ဈေးမတက်စေချင်ဘူး)

လုဖိ

Sunday, January 20, 2008

စိုက်ဆင်း



ငါ့လက်ထဲက သစ်ရွက်ခြောက်တွေက
မွကြေနေ.........
ငါ့လက်ချောင်းများက ရူးသွပ်စွာလှုပ်ရှားနေ
ဒါဟာ.... ဒို့ ရဲ့........ရိုးရာအော်ပရေးရှင်း တခုပါဘဲ
နတ်သမီးလေးရေ.........
မင်းရဲ့ကမ္ဘာလေးထဲကို .....
လေးဘက်ထောက်ပြီး လာမယ်
ဂျွမ်းထိုးပြီးတော့........၀င်ခဲ့မယ်၊


ရှောကော